ခွင့်လွှတ်ခြင်း အနုပညာကျွန်မကြီးလာတော့ “မေမေ”အပါအ၀င် ဘာသာရေးကို ယုံကြည်ကိုင်းရှိုင်းကြတဲ့ လူကြီးတွေက ပြောကြတယ်။ လူတွေကို ခွင့်လွှတ်တတ်တာ အရမ်းကောင်းတယ်တဲ့။ ခွင့်လွှတ်ခြင်းဆိုတာ မြင့်မြတ်တယ်တဲ့။ သူတော်ကောင်းတွေမှ လုပ်နိုင်တဲ့အရာတဲ့။
ဒါပေမယ့် ခွင့်လွှတ်ခြင်းမှာ အဲဒါတွေထက်ကို အခြေခံကျတဲ့အကြောင်းပြချက်ကောင်းကောင်းတစ်ခုရှိသေးတယ်။ ဘာလဲဆိုတော့ လူတွေကို ခွင့်မလွှတ်နိုင်ခြင်းက ကိုယ့်ဘ၀ကိုယ်ပဲ ပျက်စီးစေတယ်။
ဘယ်လိုလဲဆိုတာ ကျွန်မပြောပြရမလား။
ဆိုကြပါစို့ ။ ရှင်က ကျွန်မရဲ့
- အထက်အရာရှိ ..... ။ ကျွန်မကို အလုပ်ဖြုတ်ပစ်လိုက်တယ်။ (ဒါမှမဟုတ်)
- ကျွန်မ ချစ်သူ ....။ ကျွန်မ သူငယ်ချင်းမနဲ့ လိုက်ပြေးသွားတယ်။
အဲဒါကြောင့်မို့
“ ရှင့်ကို ကျွန်မ ဒီတစ်သက် ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး! ”လို့ ပြောတဲ့အခါ
တကယ် ခံစားနေရတာက ဘယ်သူလဲ။ ရှင်မဟုတ်ဘူးနော်။
ကျွန်မပဲ ကမ်းပြင်ပေါ်မှာ လူးလိမ့်ရမလောက်၊ အူနုကျွဲခတ် ခံစားနေရမယ်။ ညညတွေဆို အိပ်ရေးတွေပျက်ရမယ်။
ဒါပေမယ့် ရှင်ကတော့ ပျော်ပွဲရွှင်ပွဲတွေမှာ ပျော်လို့ ပါးလို့ ဖြစ်ချင်ဖြစ်နေမှာ။
ကိုယ်က ခွင့်မလွှတ်ဘူးဆိုရင် သူတို့တွေ ခံစားရတယ်ဆိုတဲ့အတွေးကို ဘယ်သူကများ စတွေးမိပါလိမ့်။ အဲဒီ့လိုတွေးမိတဲ့သူက ရူးနေလို့ပဲဖြစ်လိမ့်မယ်။
“ဒေါသနဲ့ စိတ်မကျေနပ်မတွေဟာ လူခန္ဓာကိုယ်ရဲ့ ခုခံအားကို ထိခိုက်စေပြီး နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်ပွားနိုင်မှုရာခိုင်နှုန်းကို ၂ ဆတိုးတယ်ဆိုတဲ့အကြောင်း”ကို ကယ်လီဖိုးနီယားပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဌာနက မကြာသေးခင်ကပြုလုပ်တဲ့ သုတေသန စစ်တမ်းက အတည်ပြုထားပါတယ်။ ကျွန်မတို့ ရင်ထဲက ခါးသီးမှုတွေဟာ ကျွန်မတို့ကို မကျန်းမမာ ဖြစ်စေပါတယ်။
လူတစ်ယောက်ကို ခွင့်လွှတ်တာဟာ သူရဲ့ လုပ်ဆောင်ချက်အရပ်ရပ်ကို သဘောတူလိုက်တာမဟုတ်ပါဘူး။
ရှင့်ဘ၀အတွက် ရှင့်ဟာရှင် အေးအေးလူလူ ရှေ့ဆက်လိုက်ခြင်းပါပဲ။
ဘယ်လိုလဲ ... ခွင့်လွှတ်ကြည့် ကြမယ်မဟုတ်လား။
Andrew Matthews ရေးသားသော Happiness Now စာအုပ်မှ စာမျက်နှာ ၇၉ "forgiving people" ကို ကိုယ့်စိတ်ကူးနဲ့ ကိုယ် ဘာသာပြန်ရေးဖွဲ့ပါတယ်။
Image Source: Andrew Matthews: Happiness Now Page 78
ကျွန်မဘ၀ထဲက ခွင့်မလွှတ်တတ်တဲ့၊ ခွင့်မလွှတ်နိုင်ကြတဲ့သူများအတွက် အထူးရည်ရွယ်ပြီးရေးဖွဲ့ပါတယ်။ သူတို့ဘ၀ ဒီ့ထက်မက သာယာစေဖို့ ဆုမွန်ကောင်းနဲ့ ဒီစာလေးကို လက်ဆောင်ပါးလိုက်ပါတယ်။
--
ရွှေစူး
26.Jul.2010
Comments (3)
@lulu174 - Thank you so much for sparing a mini thumbs up =D
I like your post too. It's nice.