မတော်တဆ လျှာကို သွားနဲ့ ကိုက်မိတဲ့အခါ နာကျင်မှုကို အကောင်းမြင်စိတ်နဲ့ ကြည့်ဖို့ တော်တော်လေးခက်ခဲပါတယ်။
ဖိနပ်ပေါက်လို့ ခြေထောက်မှာ အရေကြည်ဖုတွေ ပွထလာတဲ့အခါလည်း အတူတူပါပဲ။
ဘယ်သူကတော့ တဆစ်ဆစ်နာကျင် ကိုက်ခဲနေတဲ့ ခြေထောက်တစ်စုံကို လိုချင်မှာလဲ။
ဒါပေမယ့် အဲဒီ့နာကျင်မှုကို မခံစားရဘူးဆိုရင်ဘယ်လိုလုပ်မလဲ ...
မတော်တဆ လျှာကိုက်မိတဲ့အခါ လျှာအသားစ သေးသေးလေးကို ကိုက်ဖြတ်မိသွားတာမျိုး
ရေနွေးနဲ့ ရေချိုးကန်ထဲမှာ စိမ်နေရင်း အပူချိန်ကို မသိလို့ နောက်ကျောလောင်သွားတာမျိုး
ဘယ်လောက် မကြာမကြာ ဖြစ်လိုက်လေမလဲ ...။
ကိုယ်မှာ နာကျင်မှုဆိုတာ ခန္ဓာကိုယ်ကို နောက်ထပ် ပျက်စီးမှုကနေ ကာကွယ်ဖို့ အကောင်းဆုံးသတိပေးတဲ့စနစ်တစ်ခုဖြစ်ပါတယ်။
“သင်လုပ်နေတာတွေ ရပ်ဖို့ကောင်းပြီ ” လို့ သူကပြောချင်တာပါ။
စိတ်ထဲက နာကျင်မှုတွေကလည်း အလားတူပါပဲ။
“ သင် စဉ်းစားတွေးတောမှုပုံစံတွေ ပြောင်းလဲကောင်း ပြောင်းလဲသင့်ပြီ” ဆိုတဲ့ သတင်းစကားကိုပေးပါတယ်။
စိတ်ဆိုးတာ၊ မနာလိုဖြစ်တာ၊ ခါးသီးတာတွေကို ခဏတဖြုတ် ခံစားရတာ ပုံမှန်ပါပဲ။
ဒါပေမယ့် စိတ်ထဲမှာ အကြာကြီးခံစားနေရမယ်ဆိုရင် သင့်စိတ်က ပြောနေတာတွေကတော့ ...
“
တစ်ခြားသူတွေကို ထိန်းချုပ်ဖို့ ၊ ကိုယ့်အလိုအတိုင်းဖြစ်ဖို့ စိတ်မကူးနဲ့ ...”
“
တစ်ခြားသူတွေကို ကိုယ့်အတိုင်း ပြုမူဆောင်ရွက်ဖို့ မမျှော်လင့်နဲ့ ”
“
ကိုယ့်ပျော်ရွှင်မှုအတွက် သူများတွေအပေါ်မှာ မမှီခိုနဲ့ ”
သာယာနာပျော်ဖွယ်မကောင်းတဲ့အတွေးတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါတွေးမိနေခြင်းဟာ ဒဏ်ယာတစ်ခုအတွက် ထပ်ခါထပ်ခါနာကျင်ရခြင်းပါပဲ ...
ဒါပေမယ့် “
ငါမမှားဘူး” လို့ ပဲတွေးဖြစ်နေတယ်။ မှားတယ်၊ မှန်တယ်ဆိုတာတွေက နာကျင်ရခြင်းအတွက်တော့ အထောက်အကူမပြုဘူး။
ခြေထောက်က အရေကြည်ဖုတစ်ခုဟာ “တစ်ခြားဖိနပ်တစ်ရံကို ပြောင်းလဲ စီးသင့်ကြောင်း” ပြောပါတယ် ...။
ဦးဏှောက်က အရေကြည်ဖု (သို့မဟုတ်) စိတ်ထဲက နာကျင်မှုတွေကတော့ “ တွေးတောပုံ” ပြောင်းလဲသင့်ကြောင်း အသိပေးတယ်။
ကိုယ်ခန္ဓာ နာကျင်မှုကိုဖြစ်စေတဲ့အရာပဲဖြစ်ဖြစ်၊ စိတ်နာကျင်မှုကို ဖြစ်စေတဲ့အရာပဲဖြစ်ဖြစ် ...
ထပ်ခါ ထပ်ခါ လုပ်နေ၊ တွေးနေရင်တော့ ... အထပ်ထပ်အခါခါ .. ဒဏ်ရာ ၊အနာ ပရပွ ရမြဲရနေမှာပါပဲ ...။
Ref: Andrew Matthews: Happiness Now
Comments (6)
Thanks for sharing sis! Love it <3
@lainshan - thanks for the comment Kitty. I'm very glad that you love it :D
that's awesome.
I'm gonna forward it to my friends with your name.
Np :D
ကောင်းလိုက်တာ .. ကိုယ့်ပျော်ရွှင်မှုအတွက်
သူများတွေအပေါ်မှာ မမှီခိုနဲ့ မှန်တယ်နော် အမလည်းဒီစာလေးဖတ်ပြီးအများကြီးတွေးဖြစ်တယ်..