Tanjong Pagar ဘူတာကနေ Exit A ကထွက်ပြီး ၇ မိနစ်လောက် လမ်းလျှောက်လိုက်ရင် Pinnacle @ Duxton နံမည်ရှိ လူနေ အဆောက်အဦ တိုက် ( ၇ ) လုံးကို မြင်ရမှာဖြစ်ပါတယ်။
အဲဒီ့ တိုက် ( ၇ ) လုံးဟာ ၂၆ ထပ်မှာတစ်ခါ၊ အထပ် ၅၀ မှာတစ်ခါ sky bridge နဲ့ ဆက်ထားတယ်။ မိုးပျံတံတားလို့ မြန်မာလိုခေါ်ရမလားပဲ။
အဲ. .. အဲဒီ့ မိုးပျံတံတားကြီးပေါ်ကနေ စင်္ကာပူဆိုတာလေးကို ငုံ့ကြည့်ချင်လို့ ဖွတ်ကလိဒင်္ပြား ၅ ကျပ် အကုန်ခံပြီး ဒီနေ့ရောက်ခဲ့တယ်။
လူနေ အဆောက်အဦ ပေမယ့်လို့ အထပ် ၅၀ မှာရှိတဲ့ တိုက်တစ်ခုနဲ့တစ်ခုဆက်ထားတဲ့ မိုးပျံတံတားကို အပြင်လူတက်ကြည့်ချင်တယ်ဆိုရင်တော့ ၅ ကျပ်ပေးရသတဲ့။
ဒီပုံကတော့ တိုက်တွေကြားထဲက ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရင် မြင်ရမယ့်ပုံပါ။
အပေါ်ကို တက်တက်ခြင်း ခံစားလိုက်ရတာကတော့ လွတ်လပ်တဲ့အရသာပါ။
တိမ်တွေနဲ့ထိဖို့ နောက်ထပ် လူ နှစ်ရပ်လောက်ပဲလိုတော့တယ်လို့တောင် ထင်မိသလိုပဲ။
တကယ်တော့ အဲဒီ တံတားလေးဟာ အဲဒီနေရာမှာ နေထိုင်ကြသူတွေ လမ်းလျှောက်သူလျှောက်၊ ပြေးသူပြေး အပန်းဖြေသူဖြေဖို့အတွက် လုပ်ပေးထားတာဖြစ်ပါတယ်။
တစ်နေ့ကို အပြင်လူ အယောက် ၂၀၀ အထိပဲ တက်ခွင့်ပေးတဲ့ သတ်မှတ်ချက်လည်း ရှိပါသတဲ့။ ရောက်သွားပြီးကာမှ လူပြည့်နေလို့လှည့်ပြန်ရတဲ့အဖြစ်မျိုး မကြုံရအောင် ဒီနေ့ လူဘယ်နှစ်ယောက်တက်ပြီးသွားပြီဆိုတာကို website ကနေ လှမ်းကြည့်လို့ရပါတယ်။ Link က
ဒီမှာ ပါ။
အောက်ကိုငုံ့ကြည့်တဲ့အခါ ဆိပ်ကမ်းဘက်မှာ သေတ္တာကလေးတွေကို အရောင်မျိုးစုံနဲ့ တွေ့ရပါတယ်။
အပေါ်ကနေ ငုံ့ကြည့်တော့ ကလေးကစားစရာ အတုံးလေးတွေလို သေးငယ်လှတဲ့ သေတ္တာလေးတွေက တကယ်တော့ တစ်ခု၊ တစ်ခုကို တန်ချိန်များစွာလေးမှာပါ။
ကရိန်းကလေးတွေကလည်း အခုလိုကျတော့ ကလေးကစားစရာလေးတွေလိုပဲ။
ဒီဘက်ကို ကြည့်လိုက်တော့ နင်လား၊ငါလား တိမ်ထဲကို အပြိုင်တက်နေကြတဲ့ မိုးမျှော် အဆောက်အဦတွေ။
အခုလို အပန်းဖြေဖို့ နေရာလေးတွေလည်း ဟိုတစ်ခု ဒီတစ်ခု လုပ်ထားပေးတယ်။
ချစ်သူနဲ့အတူတူ ကောင်းကင်ကြီးကိုကြည့်ပြီး လေညင်းခံ .... အဟက်ဟက်ဟက်။
သိပ်မတောင်းဆိုချင်ပါဘူး မောင်ရယ် ... အဲဒီက တိုက်ခန်းတစ်ခန်းပဲ ၀ယ်ပေးနော်။
ပြောတော့ တကယ်ချစ်တယ်ဆို။ ကြည့် ... ဟုတ်လဲဟုတ်ပဲနဲ့။
နေအ၀င် မီးလေးတွေ ထွန်းကာစမှာ ဗိုက်ဆာတာနဲ့ ညနေစာစားဖို့ ပြန်လာခဲ့ပါတယ်။
Comments (6)
မြင်ဘူးသွားလို့ကျေးဇူး။
information atwet kyay zuu amyar gyi tin par thi :D
@kom - အန်တီ သွားလည်ရင် ဓါတ်ပုံရိုက်ခဲ့ဦးနော်။
@lainshan - Hey kitty .. you're welcome :D
eeek .. looking scary.
I always get goosebumps when I look down from heights.
@chitsuelay - :D
ezlink ကဒ်ယူသွားဖို့လည်းပြောဦးလေ ... ကြောင်တောင်တာင် management က အပေါ်တက်ချင်တာနဲ့ပဲ ၁၅ဒေါ်လာတန် ကဒ်သစ်ရောင်းနေဦးမယ် ... ezlink ကဒ်မှရတာနော် ... NETS flashpay နဲ့လဲ မရပြန်ဘူး ... (Citi SMRT ကတော့ ရပါတယ်)