ရွှေစူးအတွက် စာမူခ (ကွန်မန့် ) ပေးကြမယ်ဆိုရင် .... တစ်ချို့တွေလည်း ပေးသွားကြတယ်။ တစ်ချို့ကျတော့ ပေးဖို့သက်သက်ကို အကောင့်ထ် ဖွင့်လိုက်ရတယ်။
တစ်ချို့ ကျတော့ လာပြောတယ် “
ကွန်မန့်ပေးတော့ ပေးချင်တယ်တဲ့။ ဒါပေမယ့် xanga က အကောင့်ထ်လုပ်ခိုင်းနေလို့ ” ဆိုတာမျိုး။
တကယ်တော့ Xanga ကို ရေးနေကြသူ သိပ်မများတော့ Xanga ရဲ့ features ကို လူသိမများဘူးဖြစ်နေတာပါ။
ကွန်မန့်ပေးချင်တဲ့သူတိုင်းကို အကောင့်ထ်လုပ်ခိုင်းတာမဟုတ်ပါဘူး။
မလုပ်ချင်ရင် မလုပ်ပဲနေလို့ရပါတယ်။ Anonymous အနေနဲ့ ကော၊ မိမိကြိုက်တဲ့နံမည်၊ အီးမေးလ်ရေးပြီး ကွန်မန့်ချန်သွားလို့ရပါတယ်။
ပုံမှာပြထားတဲ့အတိုင်း
Choose Identity မှာ သတိမထားမိပဲ
Xanga Network ကိုရွေးမယ်ဆိုရင်တော့ ကွန်မန့်ရေးပြီးသွားတဲ့အခါ Xanga က သူ့ဆီမှာ အကောင့်ထ် လုပ်ခိုင်းမှာဖြစ်ပါတယ်။
ဒါပေမယ့် Account မလုပ်ပဲ မန့်ချင်မန့်သွားလို့ရအောင် အောက်ကအတိုင်း
Choose Identity မှာ
Anonymous ဆိုတာလေးကို ရွေးလိုက်ရင် နံမည်၊ အီးမေးလ်နဲ့ မိမိဆိုက်ဒ် (website က ဖြည့်ချင်မှဖြည့်ပါ) အသီးသီးဖြည့်ပြီး၊ ရွှေစူးကို ပြောချင်တာပြောခဲ့လို့ရပါတယ်။ ရေးချင်တာရေးပြီးသွားရင် အောက်က မြင်ရတဲ့စာလုံးလေးတွေအတိုင်း ရိုက်ထည့်လိုက်ရင် စာမူခအတွက်ပြီးပြည့်စုံသွားပါပြီ။
ခြေရာလေးတွေ ချန်ခဲ့ပေးပါလို့ တဆိတ် တောင်းဆိုချင်ပါတယ်။
Comments (1)
This is really killing me.
Guess what! I sent you a message via xanga a few seconds ago. Then I thought about copying you the mail from google through xanga, and once I clicked the "compose" button, Access is denied.
How stupid it is!