Wednesday, 03 February 2010

  • Saree

    ပြောရရင် .... ရွှေစူး ကုလားမသေလို့ ၀င်စားတယ်လို့ပဲ ထင်ပါတယ်။
    ဆာရီလည်းဝတ်ချင်တယ်၊ လက်မှာ ဒါန်းလည်းဆိုးချင်တယ်။
    အမွှေးထူထူနဲ့  ကုလားကို မကြိုက်တာကလွဲလို့   ကုလားမတွေလှသလို၊ ၀တ်သလို အကုန်ဝတ်ချင်စားချင်ပါတယ်။
    ဆာရီမြင်ရင် ရူးနေအောင်လိုချင်တာ တစ်ပိုင်းသေနေတာပဲ။
    အိန္ဒိယမှာ ၁ နှစ်အတိ သွားနေဖူးပေမယ့် ဆာရီတစ်ထည် မ၀ယ်ခဲ့ရဘူး။
    သူများဟာဝယ်ပြီးတော့ပဲ အမှတ်တရ ရိုက်ခဲ့ဖူးတယ်။
    စချင်လည်း စကြပါတော့ .....။

    ဆာရီမှာမှ အမျိုးမျိုးရှိတယ်၊ လုံချည်လိုပဲပေါ့။ ပိုးနဲ့လုပ်ထားတဲ့ ဆာရီကို အသားအိအိပျော့ပျော့ အစကလေးပေါ်မှာ ဘော်ကြယ်ထိုးထားတဲ့ ဆာရီမျိုးလောက်တော့  မကြိုက်ဘူး။
    အသားပျော့ပျော့ အ၀တ်စပေါ်မှာ ဘော်ကြယ်လေးတွေ ကျောက်ကလေးတွေ အကွက်ဖော်ပြီး ထိုးထားတာက ပိုပြီး ခေတ်မီတယ်လို့ ထင်ပါတယ်။
    ပိုးဆာရီကတော့ ဈေးကြီးတာပေါ့လေ။

    ဆာရီတစ်စုံချုပ်ပြီဆိုရင် သူနဲ့ လိုက်ဖက်မယ့် လက်ကောက်တွေလည်း အစုံလိုက် ရှိဖို့လိုပါတယ်။
    အဲဒီ့လက်ကောက်တွေ အများကြီးဝတ်ထားတဲ့အခါ၊ လက်ကောက်ချင်းတိုက်နေတဲ့ “ချလွင်ချလွင်” ဆိုတဲ့အသံကိုလည်း ..
    အမီနားနော် ... အာများကြီး သာဘောကျတယ်။

     


     

     



    ဆာရီတစ်ထည်တစ်ထည်ရဲ့ ဈေး မသေးပါဘူး။
    India မှာ ၀ယ်ရင် ဒီ့ထက်ကောင်းတာမျိုးကို ဒီလောက်တောင်ပေးရမှာမဟုတ်ဘူး။



     









Comments (2)

  • simplysuzu

    ကြယ်လည်း ဆာရီရူးခဲ့ဖူးတယ် ... နီပေါမှာ သုံးနှစ်နေခဲ့တုန်းက .. ဆိုင်ခန်းတွေကို အပြင်ကပဲ လိုက်ကြည့်ပြီး လိုချင်ခဲ့တာ .. အကောင်အထည်တော့ မဖော်ဖြစ်ခဲ့ပါဘူး။
    ဗိုက်ကလေးတပေါ်ပေါ်နဲ့ ဆာရီ ၀တ်ချင်သေးတာလေ ..

    အော် တစ်ခါ မှတ်မိသေးတယ် .. ကုလားမဖြူဖြူ သွယ်သွယ်လေးတစ်ယောက် အမဲရောင် ဆာရီကို ၀တ်ထားတာ သူ့အသားလေးက ဖြူဝင်းနေတာပဲ မိန်းမချင်း ငမ်းခဲ့ရသေးတယ်။

  • anonymous

    လာလည်သွားတယ်


    ဆာရီ ကြိုက်တတ်တဲ့ ရွှေစူး အတွက် တီကိုယ်တိုင် ရိုက်ထားတဲ့ ဓါတ်ပုံတင်ပေးပါမယ်


    တီချမ်း


    comments တွေ အတွက် word verification ကို ဖြုတ်လို့ရရင် ဖြုတ်ပေးပါလား


  • Sign in to Comment

  • Give eProps (?)

Tags

Who recommended?

Who gave the eProps?

2 eProps from: