Sunday, 31 January 2010

  • Ratnagiri

    ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တုန်းက ရွှေစူးတစ်ယောက် သူငယ်ချင်း၊ အဖော်အပေါင်းကောင်းလို့ အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့ကို အလည်တစ်ခေါက်ရောက်ဖူးခဲ့ပါတယ်။
    အဲဒီ့တုန်းက ဘလော့ဂ်ဆိုတာ ဘာမှန်းတောင် မသိသေးတဲ့ ငချွတ်မလေး အခုကျတော့ ဘလော့ဂ်မှာ ဓါတ်ပုံတင်ရတာ အထူးအရသာတွေ့နေလို့ အမှတ်တရ တင်လိုက်ပါကြောင်း။

    လမ်းမှာ ခဏတဖြုတ်နားတုန်း ရိုက်ထားခဲ့တဲ့ ရှုခင်းပါ။ ရာသီဥတုက အေးစိမ့်စိမ့်ရှိပြီး တော်တော်လေး သာယာပါတယ်။

     

    ရွှေစူး သမိုင်းညံ့ပါတယ်။ ပထ၀ီလဲ မတော်ပါဘူး။ အဲဒါကြောင့် ဓါတ်ပုံကို ဓါတ်ပုံလိုပဲ ရိုက်လာပြီး သမိုင်းနှင့် ပထ၀ီအကိုးအကားနှင့် တကွ မတင်ပြနိုင်တာ နားလည်ပေးကြပါ။
    အောက်ကပုံကတော့ သီပေါမင်းနဲ့ စုဖုရားလေးရဲ့ အုတ်ဂူပါ။ ၀င်ခွင့်မရလို့ မ၀င်ခဲ့ရပါဘူး။
    အုတ်ဂူက လူနေ တိုက်တွေကြားမှာ ရှိနေတာပါ။ ဘေးပတ်ဝန်းကျင်က လူနေတိုက်ခန်းတွေ ဖြစ်ကုန်တာကို ပြောတာပါ။
    ပြီးတော့ မြန်မာစာမတတ်တဲ့ တိုင်းတပါးသားတွေက အုတ်ဂူက ကဗျည်းကျောက်ချပ်ကို ပြောင်းပြန်တပ်ထားတာတွေ့ခဲ့ရပါတယ်။
    ဓါတ်ပုံမှာတော့ ဇွန်း (zoom) ဆွဲတာ အဲဒါအကုန်မို့လို့ သေချာမမြင်ရနိုင်ဘူးထင်တယ်။






    အဲဒီ့ အုတ်ဂူနဲ့ သီပေါမင်းနန်းတော်ရှိတဲ့နေရာက နည်းနည်းလှမ်းပါတယ်။ သီပေါမင်း (ကိုယ်တိုင်ညွှန်ကြားဆောက်ခဲ့တယ်ဆိုတဲ့) နန်းတော်ဟာ အိမ်တစ်ခုအနေနဲ့တော့ တော်တော်လေး ခမ်းနားပါတယ်။  ဒါပေမယ့် နန်းတော်တစ်ခုဖြစ်ဖို့အတွက်တော့ သေးနုတ်သလိုပဲ။


    အစိမ်းရောင်မြက်ခင်းနဲ့ အုတ်နီနီတိုက်ကြီးက အခုပြန်ကြည့်လည်း မျက်စိပသာဒဖြစ်ပါတယ်။
    အဲဒီအိမ်ကြီးရဲ့ အလည်မှာ အခုလို (ရေပန်းလို့ ယူဆရတဲ့) အုတ်ခုံဝိုင်းဝိုင်းလေးတစ်ခုလည်း တွေ့ခဲ့ပါတယ်။



    အပေါ်ထပ်ကို ပြခန်းလုပ်ထားပါတယ်။







    အဲဒီ့ပြခန်းထဲမှာ တွေ့တာတွေကတော့
    သလွန်ညောင်စောင်းတစ်ခုရယ်


    သီပေါမင်းရဲ့ပုံတူ  ပန်းချီကားချပ်တစ်ခုရယ်



    မြေးတော်ရဲ့ ပုံတူ


    မှန်တင်ခုံတစ်ခု



    မှန်တင်ခုံညာဘက်အထက်နားတွင် ချိတ်ဆွဲထားသော အရှင်နှစ်ပါး၏ ပုံပန်းချီ




    အုတ်ဂူနှစ်ခုရဲ့ပုံ
     
    အဲဒါတွေကိုတော့ Thibaw Gallery လို့ ချိတ်ဆွဲထားတဲ့ ခန်းမထဲမှာ တွေ့ခဲ့ရတာပါ။

    နောက်ပြီး သီပေါမင်းအကြောင်းကို အခုလိုပဲ ကျောက်ပြားပေါ်မှာ ရေးထိုးထားပါတယ်။
    အကြီးချဲ့ ကြည့်ချင်ရင် ပုံကိုနှိပ်လိုက်ပါ။

     



    အပေါ်ကနေလှမ်းကြည့်ရင် အိမ်အတွင်း အလည်ခေါင်က ရေပန်းကို အခုလိုမြင်ရပါတယ်။



    အထဲကတော့ ဒီလိုပုံစံပါ


    ဥယျာဉ်တော်ကို ၀ရံတာ (သို့) လေသာဆောင်ကကြည့်မယ်ဆိုရင် အခုလိုမြင်ရပါတယ်။
    သေချာကြည့်ရင် ပင်လယ်ကမ်းခြေကိုပါ မြင်ရပေမယ့် ဓါတ်ပုံထဲမှာတော့ မြူတွေဆိုင်းနေတဲ့အတွက် မသိသာပါဘူး။




    ပြန်အထွက်မှာ အိမ်ကြီး (အိမ်လို့ပဲသုံးပါရစေ။ နန်းတော်လို့သုံးဖို့ အဆောက်အဦက သိမ်နုတ်နေတယ်လို့ ခံစားရလို့ပါ) ကို သမင်လည်ပြန်လှည့်ကြည့်ရင်တော့ အခုလိုမြင်ရမှာဖြစ်ပါတယ်။



    အဲဒါပြီးတော့ သိပ်မဝေးတဲ့ ရတနာဂီရိ ကမ်းခြေကို ခရီးဆက်ကြတယ်။
    မကြောက်နဲ့နော် ... အဲဒါ လူပုံ။





    ဟိုတုန်းကတော့ ကောင်မလေးတစ်ယောက်ဟာ မိုင် ၃၀၀၀ အဝေး တစ်နိုင်ငံက သူ့ချစ်သူကို အခုလို လွမ်းဖူးပါတယ်။



Comments (6)

  • chitsuelay

    Facebook မှာ သူငယ်ချင်းတစ်ယောက်က အခုလိုလာရေးသွားပါတယ်။

    “အစက သီပေါမင်းကို လွမ်းတယ်ထင်နေတာ နောက်ဆုံးစာပိုဒ်ကျမှပဲ မဟုတ်မှန်းသိတော့တယ် ” တဲ့

  • anonymous

    အခုကော.

  • chitsuelay

    @kom - ခုက စင်ကျာပူရမှာဆိုတော လွမ်းစရာမလိုတော့ဘူး

  • simplysuzu

    The photos have become more alive and the blog has become more active when you post them like this together.

    Props for you!

  • chitsuelay

    @kyalzinlay - Thanks kyal, u're my 2nd biggest fan :D

  • anonymous

    သီပေါမင်းရဲ့ နောက်ဆုံးနေ့ရက်များကို အမှတ်ရမိစေတယ်။


    ကျနော်တို့တွေ ရောက်ဖူးသင့်တဲ့နေရာတစ်ခုပါပဲ
    ဝေမျှပေးတာကျေးဇူးပါ
  • Sign in to Comment

  • Give eProps (?)

Who recommended?

Who gave the eProps?

2 eProps from: