Sunday, 24 January 2010

  • Day-Out

    ကြာသပတေးက ကင်မရာလေးတစ်လုံးဝယ်ဖြစ်တယ်။
    ကင်မရာပိုင်တိုင်းလည်း ဓါတ်ပုံရိုက်တတ်တာ မဟုတ်တဲ့အတွက် အပျံသင်ကာစ ဓါတ်ပုံလေးတွေကို အမှတ်တရနဲ့ ဒီမှာတင်ထားမလို့။  ၂၀၀ ကျော်ရိုက်တဲ့ထဲမှာ စိတ်တိုင်းကျပုံက ၂၀ တောင်မပါလို့   အားတက်မိပါရဲ့   ။



    အိမ်မှာ လှည့်ပတ်ရိုက်စရာ ကုန်သွားတော့ အပြင်ထွက်လာဖြစ်တယ်။
    ညပိုင်းရောက်တော့ အလင်းက ပုံမမှန်တော့ဘူး။ ဒါပေမယ့် ကြိုးစားရိုက်ခဲ့ပါတယ်။


    အနားကပ်ပြီး ဓါတ်ပုံရိုက်တာ တစ်ပြားမှမကုန်တဲ့အတွက် ရိုက်ခဲ့တာပါ။ ၀ယ်စရာ ဖွတ်ကလိဒင်္ပြားကတော့ တစ်ပြားမှ မရှိပါ။

    လိုချင်တဲ့စိတ် (လောဘ)က အကုသိုလ်ဖြစ်ပေမယ့် စိတ်ကူးသက်သက်ပဲဆိုရင်  ပိုက်ဆံတော့ မကုန်ဘူးမှတ်လား။



    McCafe မှာလည်း ကော်ဖီသောက်ခဲ့သေးတယ်။



    လူပုံတွေအများကြီးရိုက်ထားတဲ့ကြားက လက်တုန်သွားလို့   မကောင်းတဲ့ပုံတွေလည်း အများကြီးပါပဲ။
    ကောင်းတဲ့ပုံတွေလည်းရှိပေမယ့် အတူတူတွဲရိုက်တဲ့သူငယ်ချင်းက သူ့ ပုံကို မတင်စေချင်တာကြောင့် မတင်တော့ပါဘူး။

    အောက်ကပုံကတော့ စိတ်တိုင်းအကျဆုံး ၂ ပုံပေါ့။ စိတ်ရှည်လက်ရှည် ရိုက်ပေးခဲ့တဲ့ “သူ့”  ကို ကျေးဇူးတင်ပါတယ်။

Comments (6)

  • Sign in to Comment

  • Give eProps (?)

Who recommended?

Who gave the eProps?

2 eProps from: