Monday, 28 December 2009

  • 8 reasons you're single

    တကိုယ်တည်းသမားဖြစ်နေရခြင်း အကြောင်းရင်း (၈) ရပ်

    ၁။ ကြည့် ကောင်းတဲ့ ယောက်ျားလေးတွေကျတော့ အသုံးမကျဘူး။

    ၂။ အသုံးကျတဲ့ ယောက်ျားကျပြန်တော့လည်း ကြည့်မကောင်းဘူး။

    ၃။ ရုပါလည်းဖြောင့်တယ်၊ တော်လည်း တော်တဲ့ ယောက်ျားတွေကျတော့ ပိုင်ရှင်က ရှိနေပြီးသား။

    ၄။တော်လည်းတော်တယ်၊ ရူပါလည်းဖြောင့်တယ်၊ ပိုင်ရှင်လည်း မရှိတဲ့သူကျတော့ ပိုက်ဆံလည်း မရှိဘူး။

    ၅။ တော်တယ်၊ ရူပါလည်းလာတယ်၊ ပိုင်ရှင်လည်း မရှိ၊ ပိုက်ဆံလည်းရှိတဲ့သူကျတော့ ကိုယ့်ပေါ်ညာမယ့် လူပွေလူရှုပ်။

    ၆။ ရှုပ်လည်း မရှုပ်ဘူး၊ တော်လည်း တော်တယ်၊ ချောလည်းချောတယ်၊ လူလွတ်လည်းဖြစ်တယ်၊ ပိုက်ဆံလည်းရှိတယ် ... သို့သော် ဖုန်းကညာတစ်ပါး လုံးရာက ပြားနေသူ ဖြစ်ပြန်ရော။

    ၇။ ယောက်ျားပီပီသသ၊ ဒေါင်းတိမောင်းတိ၊ ရှုပ်လည်း မရှုပ်ဘူး၊ တော်လည်းတော်တယ်၊ ချောလည်းချောတယ်၊ လူပျိုလည်း လူပျို၊ ပိုက်ဆံလည်းရှိတဲ့သူကျတော့လည်း ကိုယ်တို့ ကို စိတ်မ၀င်စား၊

    ၈။ ကိုယ်တို့  တွေကို စိတ်ဝင်စားကြတဲ့ ပိုင်ရှင်မရှိသော ယာက်ျားပီပီသသ၊ မရှုပ်မပွေ၊ တော်လည်းတော်၊ ရုပ်ကလည်းချော၊ ပိုက်ဆံကလည်းရှိတဲ့သူကတော့ ... ကလေး  ၂ ယောက်အဖေ မုဆိုးဖို၊ တခုလတ်တွေ ဖြစ်ဖြစ်နေကြပြန်ရော ....

ုတစ်ကိုယ်တည်းနေတာပဲ အေးပါတယ်။





Comments (1)

  • anonymous

    ထောက်ခံပါတယ် ... အဲလိုတွေကြောင့်ပဲ ခုထိ တစ်ကိုယ်တည်း ဖြစ်ဆဲပါ ။

  • Sign in to Comment

  • Give eProps (?)

Who recommended?